Monday, April 9, 2012

ရွေး ချယ် ခွင့်

ကျောခြင်းကပ်မှာလား......
ဒါဆိုရင်လှမ်းလာခဲ့ပါ.....

နောက်ကြောကိုဓါးနဲ့မွမ်းမလို့လား......
ဒါမှမဟုတ် အနီးကပ်ပြီး ပူးသတ်မလို့လား....
ဒါဆိုရင်တော့ ဝေးဝေးမှာဘဲနေခဲ့ပါ။

မခေါ်ပေမယ့် ဝင်လာခဲ့လို့ရပါတယ်။
မနှင်ပေမယ့် ပြန်ထွက်သွားခွင့်ရှိပါတယ်။
ဒါပေမယ် ငါ့ကို အရောင်တွေတော့ဆိုးမသွားပါနဲ့။

နှစ်ယောက်ပေါင်းမှတစ်ဘဝဆိုတာဖြစ်တာမဟုတ်ပါဘူး....
တစ်ယောက်တည်းနဲ့လည်း ဘဝဆိုတာဖြစ်တည်နိုင်ပါတယ်လေ....

ရဲရင့်နီ (၉.၀၄.၂၀၁၂ )

Monday, March 19, 2012

ရဲရင့်နီ ၏ ဖီလိုဆိုဖီများ

ဘယ်အရာကိုမှ ပုံသေကားချပ်တွက်လို့ မရနိုင်ပါဘူး။
မမျှော်လင့်ထားတဲ့ အဆိုးဆုံး အခြေအနေတစ်ခုကို
ရင်ဆိုင်နိုင်ဖို့ အတွက်တော့
ကိုယ့်အတွက် ထောင့်ချိုးလေးတစ်ခုကို
ကိုယ်ဟာကိုယ်ဘဲ ချန်ထားနိုင်ခဲ့ရပါမယ်။
   
ဘဝမှာ ရင်မော့ ခေါင်းကော့ပြီး.....
လမ်မလျှောက်နိုင်ရင်နေပါစေ....
ဒူးထောက်.. လက်မြှောက်ပြီး...
အရှူံးပေးမနေရဖို့တော့လိုတယ်။


ငါ.........
မှားခဲ့ဘူးတယ်......
မှားနေသေးတယ်......
ထပ်မှားနိုင်သေးတယ်........
ဒါပေမယ့်......နောက်ဆုံးမှာ ... အနည်းဆုံးတော့
အရင်ကထက် အမှားတွေနည်းသွားအောင်တော့ လုပ်နိုင်ပါသေးတယ်လေ...


ကိုယ့်ရဲ့  အိပ်မက်တွေကို တစ်ကယ်တမ်းအကောင်အထည်ဖေါ်တော့မယ်ဆိုရင်တော့.......
ကိုယ့်ကိုယ်ကို မညှာပါနဲ့။
ကိုယ့်ကိုယ်ကို မညာပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကြောင်းကို ကိုယ်ကိုတိုင်ဘဲအသိနိုင်ဆုံးမို့ပါ။

ပထမဦးဆုံးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ဖြစ်အောင်လုပ်လိုက်ပါ။

ဒုတိယအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေက.....
သူ့ဟာနဲ့သူ ဖြစ်နိုင်သလောက် လိုက်ဖြစ်လာပါလိမ့်မယ်။

ဘာမှမလုပ်ဘဲနဲ့တော့
ဘာမှဖြစ်လာမှာမဟုတ်ပါ။

 

နောက်ဆုံး ခံတပ်
ရေဆန်ကို ဆန်မတက်နိုင်ဘူးဆိုရင်တောင်....
ရေစုန်မှာတော့ မျောပါမသွားစေနဲ့။
ရောက်နေတဲ့ နေရာ၊အဆင့်အတန်းမှာ...
တည်မြဲနေနိုင်ဖို့အတွက်တော့
ခြေလှုပ်၊လက်လှုပ်နဲ့....
ရေစီးမှာ မျောပါမသွားအောင်...
ရေထဲမှာ နစ်မြုပ်မသွားအောင်.... လုပ်နိုင်ဖို့တော့လိုမယ်။

Monday, September 5, 2011

ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ....ဟုတ်ကဲ့ပါ

“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်နာကျင်သောစိတ်ကင်းသူဖြစ်လတံ့” video

Monday, June 6, 2011

သူငယ်ချင်းဆိုတာ



ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘ၀ဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

လူ့ဘ၀ဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့
ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
တဖြေးဖြေးကျဲလာခဲ့တယ်။

ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ်
အမြဲရှိလဲ...နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ
သူငယ်ချင်းဟောင်းတွေ လူလောက
ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။

လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။


သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
.... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....?

သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ
ကူးထားတတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ
ပြန်တတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။
*
သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။
*
သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။

လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။


အများဆီကသင့်ဘာများမျော်လင့်ထားပါသလဲ့....
အဲဒီအရာတွေကိုအများကိုပြန်ပေးလိုက်ပါ..
.ကိုယ့်အတွက်သူငယ်ချင်းကောင်းမရှိရင်တောင်သူများအတွက်ကောင်းအောင်ကြိုးစားပေးလိုက်ပါ


သူငယ်ချင်းဆိုတာ ဆွေမျိုးလည်းမဟုတ်၊ မောင်နှမလည်းမဟုတ်၊ မိသားစုဝင်လည်းမဟုတ်တဲ့
ကိုယ်ရဲ့အရင်းနှီးဆုံး သူစိမ်းတွေပါပဲ။ သူငယ်ချင်း အစစ်အမှန်မျိုး ကိုယ့်ဘေးမှာ
ရှိနေရင်တောင် လက်လွှတ်ဆုံးရှုံးမသွားစေနဲ့နော်။ သင့်အနားမှာ သူအမြဲရှိနေတာကို
လိုလားနေလို့ ပဲလေ ။

ငါဒီလို သူငယ်ချင်းတစ်ယောက် မင်းအတွက်ဖြစ်ချင်ပါတယ်။
Remark : Forward Mail from my Friend...

Friday, May 6, 2011

Not Afraid

“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”

Tuesday, March 15, 2011

ငလျင် အန္တရာယ် ဒ်ီလို ပြင်ဆင် ကာကွယ်မယ်


ငလျင်မလှုပ်မီ
  • စာအုပ်စင်၊ ပန်းကန်စင် စတဲ့စင်တွေ ကို နံရံ နဲ့ အသေအချာတွဲ ၍ချည်နှောင် ထားရန်။ လေးလံတဲ့ အရာဝတ္တုတွေကို စင်တွေရဲ့ အောက်အဆင့် မှာရွှေ့ထားရန်။

  • ကွဲစေတတ်တဲ့ အရာဝတ္ထုတွေကို ဘီရို သို့မဟုတ် အံဆွဲ အောက်ဆုံး အဆင့်တွေမှာ ထားပြီး အသေအခြာပိတ်ထားရန်။
  • မှန်၊ ပန်းချီကား၊ ဓါတ်ပုံ စတဲ့ နံရံမှာ ချိတ်ထားတဲ့ အရာတွေကို အိပ်ယာ၊ လူထိုင်လေ့ရှိတဲ့ နေရာတွေက နေ အဝေးကို ရွှေ့ထားရန်။
  • မျက်နှာကျက်၊ နံရံ စသည်တို့မှ မီးအိမ်၊ မီးချောင်းများ ကို အသေအချာ တင်းကျပ်စွာ ချည်နှောင်ထားရန်၊ ချုပ်တန်း (ဘရက်ကက်) စသည်တို့ဖြင့် မရွေ့ နိုင်စေရန် ပြင်ဆင် ဆောင်ရွက်ထားရန်။
  • အန္တရာယ်ရှိ စေနိုင်တဲ့ လျှပ်စစ်မီးကြိုး ၊ ဂတ်စ်ပိုက်လိုင်း ယိုစိမ့် မှု့ စသည်တို့ ကို ကြိုတင် ပြုပြင်ထားရန်။
  • ရေပူပေးတဲ့ စက်ကို နံရံမှာ သေခြာ ကပ်နေစေပြီး ကြမ်းပြင် အထိ မူလီ စသည်တို့ဖြင့် ပြုတ်မကျစေရန် ဆောင်ရွက်ထားရန်။
  • နံရံ၊ ကြမ်းပြင် စသည့် နေရာများ တွင် အက်ကွဲကြောင်း များရှိနေပါက ကြိုတင် ပြုပြင်ထားရန်။
  • အဆိပ်အတောက် ဖြစ်စေတတ် သောအရည် နဲ့ ပေါက်ကွဲစေတတ်တဲ့ အရည် တွေ ထည့်ထားတဲ့ ပုလင်း၊ ဗူး စသည် တို့ကို သော့တတ်ထားတဲ့ သေတ္တာ များအတွင်း ထည့်၍ ဘေးကင်းရာ ကြမ်းပြင် မှာ သိမ်းဆည်းရန်။
  • အခန်းတိုင်း မှာ ဘယ်နေရာ အလုံခြုံ ဆုံးလဲ သေချာ လေ့လာသတ်မှတ် ထားရန်။
  • မိသားစု ၀င်အားလုံး ကို လျှပ်စစ် မိန်းခလုပ်၊ ရေပိုက်၊ ဂတ်စ် အ၀င် ပိုက်လိုင်း စသည်တို့ ကို မည်သို့ ပိတ်ရမည် ကို သိရှိနေစေရန်။
  • မိသားစု ၀င် ကလေးငယ်များ ကိုပါ ၉၁၁ စသည့် အရေးပေါ် ဖုန်းနံပါတ်များ ကို မည်သို့ ခေါ်ဆိုရမည် ကို သင်ကြားထားရန်။
  • သဘာဝ ဘေးအန္တရာယ် အတွင်း အထောက်အပံ့ ဖြစ်စေမည့် (ဓါတ်မီး နှင့် အပို ဘထ္ထရီများ၊ ဘထ္ထရီ ဖြင့် ဖွင့်သည့် ရေဒီယို၊ အရေးပေါ်သူနာပြု သေတ္တာ နှုင့် အသုံးပြုပုံ စာအုပ်၊ ရေ နှင့် အရေးပေါ် အစားအသောက်၊ သံဗူးဖောက်တံ၊ လိုအပ်လျှင်အသုံးပြုရန် ပိုက်ဆံ၊ ခိုင်မာ ထူထဲသည့် ဖိနပ်) စသည် တို့ ကို ပြင်ဆင်ထားရန်။
  • အကယ်ဤ မိသားစုဝင် များ တကွဲတပြားစီ ဖြစ် နေလျှင် အရေးပေါ် အချင်းချင်း ပြန်လည် ဆက်သွယ်ရမည့် အစီအစဉ် များ ချမှတ်တိုင်ပင်ထားရန်။

ငလျှင် လှုပ်နေချိန် (အဆောက်အဦအတွင်း)
  • မရွေ့လျား နိုင်သည့် ဘီရိုကြီး များ၊ နံရံများ အောက်ခြေ မှာ အကာအကွယ်ယူပါ။ ကွဲစေနိုင်သော မှန်ပြူတင်း ပေါက်များ၊ မှန်အကာအရံ များ အဝေး သို့တိမ်းရှောင် နေပါ။
  • အဆောက်အဦ အတွင်းမှာပဲ ဆက်လက်နေပါ။ ငလျှင် လှုပ်စဉ် အတွင်း အန္တရာယ် အရှိဆုံး လုပ်ဆောင်မှု့ ကတော့ အဆောက်အဦ အတွင်းက ထွက်ခွာဖို့ ကြိုးစားခြင်း ပဲဖြစ်တယ်။

ငလျှင် လှုပ်နေချိန် (အဆောက်အဦပြင်ပ)
  • ကွင်းပြင် ကျယ် သို့မဟုတ် နေရာ ကျယ်ကျယ် ရှိတဲ့ နေရာ ကိုသွားနေပါ။ ပြိုကျနှိုင်တဲ့ အဆောက်အဦတွေ၊ လမ်းမီးတိုင်တွေ၊ သွယ်တန်းထားတဲ့ မီးကြိုး တွေ နဲ့ဝေးရာမှာ နေပါ။ အဲဒီနေရာမှာပဲ ငလျှင် လှုပ်ခြင်း ရပ်တန့်ပြီးသည် အထိ နေပါ။

ငလျှင် လှုပ်နေချိန် (မော်တော်ကား မောင်းနှင်နေစဉ်)
  • အဆောက်အဦ၊ သစ်ပင်၊ ဂုံးကျော်တံတား၊ လျှပ်စစ်မီး ကြိုးများ နဲ့ ကင်းလွတ်ရာ နေရာကို ရှာဖွေပါ။
  • မော်တော်ကား ကို အလျှင် အမြန်ရပ်တန့်၍ မော်တော်ယဉ် မတွင်းမှာပဲ ဆက်လက်နေရန်။
  • ငလျှင် ရပ်တန့် သည့် အခါတွင်မှ သတိပေးချက် အတိုင်းလိုက်နာဆောင်ရွက်ရန်။ တံတားများ ၊ ဆင်ခြေလျှော များ ငလျှင် လှုပ်နေစဉ် အတွင်း ပျက်စီး ပြီး ဖြစ်နိုင်တယ်။

အိမ်မွေး တိရိစ္ဆာန် များနှင့် ထိတွေ့ဆက်ဆံခြင်း
  • ငလျှင် လှုပ်ပြီးစ အချိန်တွင် အိမ်မွေး တိရိစ္ဆာန်များ ဧ။် အပြုအမူ များ ပြောင်းလဲကောင်း ပြောင်းလဲနေနှိုင်တယ်။ ရန်လိုပြီး တိုက်ခိုက် နိုင်တဲ့ အခြေအနေဖြစ်ကောင်း ဖြစ်နေနိုင်တယ်။
  • ခွေးများ ကို ကြိုးချည်ထားပါ သို့မဟုတ် လှောင်အိမ်၊ ခြံဝန်း အတွင်း ပိတ်လှောင်ထားရန်။
  • အိမ်မွေး တိရိစ္ဆာန်များ ကို အရေးပေါ် ကယ်ဆယ်ရေးစခန်း များ မှ လက်ခံ ထိမ်းသိမ်း မည် မဟုတ်သည့် အတွက် ၄င်း တို့ အတွက် အစာခြောက်၊ ရေ စသည် တို့ ကို ရက်အနည်းငယ် စာ ပြင်ဆင်ပေး ထားရန်။

ငလျှင်လှုပ်ပြီးချိန်

  • ငလျှင် အသေးကလေး များ နောက်ဆက် တွက် လှုပ်တတ်ခြင်းအတွက်ပြင်ဆင်ထားရန်။ အဆိုပါ ငလျှင် အသေးစား ကလေးများ ကြောင့် အပျက် အစီး များထပ်မံ ဖြစ်ပေါ်တတ်ပြီ နာရီပိုင်း မှ လနှင့်ချီ ၍ကြာ မြင့်တတ်ပါသည်။
  • ထိခိုက် ဒဏ်ရာရရှိသူများ၊ အပျက်အစီးများအောက် တွင် ပိတ်မိနေသူများ ကို မိမိတတ် နိုင်သလောက် ကူညီ ပေးရန်။
  • ဘတ္ထရီ ဖြင့် ဖွင့်ရသည့် ရေဒီယို၊ ရုပ်မြင်သံကြား စသည်တို့မှ အရေးပေါ် သတင်းထုတ်ပြန်မှု့ကို နားထောင်ပါ။
  • အကူ အညီလိုအပ်မည့် သက်ကြီးရွယ် အိုများ၊ မသန်မစွမ်းများ နှင့် ကလေးသူငယ်များ ရှိမရှိ ကြည့်ပါ။
  • ပျက်စီး နေသည့် အဆောက်အဦ အတွင်းမှ ထွက်ပါ။
  • တယ်လီဖုန်း ကို အရေးပေါ် အခြေအနေမှသာ အသုံးပြုပါ။
  • ရေ များ စိုစွတ် နေသည့် အရာ များ အား ခြောက် သွေ့စေရန် ရှင်းလင်း ဆောင်ရွက်ရန်။
  • ဘီရိုများ၊ အံဆွဲ များ အား သတိထား ၍ဖွင့် ရန်။
  • အပျက်အစီး များ အား စစ်ဆေးပါ။ မီးခိုးထွက် နေသည်များ ကိုအထူး သတိထားပါ။ အပျက် အစီးများ မှ မီးအချိန်မရွေး တောက်လောင် နိုင်သည် ကို သတိပြုပါ။
  • ဂတ်စ် ပိုက်လိုင်းများ ယိုစိမ့် နေမှု့ ရှိမရှိ စစ်ဆေးပါ၊ အကယ်ဤ ဂတ်စ် အနံ့ရပါက ပိုက်လိုင်း ကို ပိတ်ပါ။ မီးဖိုခြင်း၊ လျှပ်စစ်ပစ္စည်းများ အသုံး ပြုခြင်း ကို ရှောင်ကျဉ်ပါ။ မိုဘိုင်း ဖုန်း များ ကိုပင် အသုံးမပြုနှင့်။ (မိုဘိုင်းဖုန်း လှိုင်းများ မှ မီးတောက်လောင်စေရန် အထောက်အပံ့ ဖြစ်နိုင်သည် ကို သတိချပ်ပါ)။ ပေါက်ပြဲ နေသည့် လျှပ်စစ်မီးကြိုးများ အဝေး မှ နေပါ။ မိန်းခလုပ် သို့မဟုတ် ဆားကစ် ဘရိတ်ကာ ကို ပိတ်လိုက်ပါ။ အကယ်၍ ရေပိုက် လိုင်းများ ပေါက်နေပါက အိမ်သာ ကို အသုံးမပြုပါ နှင့်၊ ဘုံဘိုင် မှရေ ကို သောက်ခြင်း မှ ရှောင်ကျဉ်ပါ။ အရေးပေါ်အခြေအနေ အတွက် သိမ်းထားတဲ့ ရေကို သောက်ပါ၊ ရေခဲများ မှ အပိုသောက်ရေ အတွက် အသုံးပြုပါ။


မှတ်ချက်။ ။ Federal Emergency Management Agency (FEMA) မှ ထုတ်ပြန်သည့် What can I do to prepare for an earthquake? (Created by Bill Haneberg) ကို ဆီလျော် အောင် ပြန်ဆိုပါ သည်။ သဘာဝ ဘေးအန္တရာယ် နှင့် ရင်ဆိုင် သည့်အခါတွင် အထောက်အပံ့ အနည်းငယ်မျှ ဖြစ်သည်ဆိုလျှင်ပင် အားထုတ်ရကျိုး နပ်ပါပြီ။

Cartoons by Jan Thomas

ဘာသာပြန်သူ Anasian Tour Operator

Thursday, December 9, 2010

Postal Codes of Yangon

The postal codes of different townships in Yangon are listed as below. Some townships are divided into two parts.

Post Office Township Postal Code
Ahlone 11121
Aung San Insein 11012
Bahan 11201
Bayintnaung Market (Thamine) Mayangone 11062
Bogyoke Market Pabedan 11143
Botahtaung 11162
Botahtaung 11161
Dagon Dagon 11191
Dagon Myothit (North) 11421
Dagon Myothit (South) 11431
Dawbon 11241
Hlaing 11051
Hlaing Thar Yar 11401
Insein 11011
Kaba Aye Mayangone 11061
Kamayut 11041
Kyauk Tan 11301
Kyauktada 11182
Kyimyindaing 11101
Lanmadaw 11131
Mingalar Taung Nyunt 11221
Mingalardon 11021
Okkalapa (North) 11031
Okkalapa (South) 11091
Pabedan 11141
Pazundaung 11171
Pyi Thar Yar Yankin 11082
Sanchaung 11111
Shwe Pyi Thar 11411
Shwepaukan Okkalapa (North) 11032
Tamwe 11211
Tanyin 11291
Thamine College Hlaing 11052
Tharkayta 11231
Theingyi Market Pabedan 11142
Thingangyun 11071
Thuwunna Thingangyun 11072
Yangon 11181
Yangon Station Mingalar Taung Nyunt 11222
Yankin 11081

Saturday, December 4, 2010

မဲ မသမာမှုများကို စိန်ခေါ်ခြင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်နောက် သတင်းမီဒီယာများက သူ့အပေါ် အဓိက အာရုံစိုက်နေချိန်တွင် အခြားတဖက်၌လည်း လျစ်လျူမရှုသင့်သော နိုင်ငံရေး ဖြစ်ပေါ်မှုများ ရှိနေသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးအပြီး ရက်ပိုင်းအတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အပြီးသတ် မဲရလဒ်များကို သိုသိုသိပ်သိပ် ထုတ်ပြန်ခဲ့သလို၊ တဖက်တွင်တော့ ရွေးကောက်ပွဲတွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့သည့် ပါတီများက ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီအနေဖြင့် မဲမသမာမှုများကြောင့်သာ အနိုင်ရရှိခြင်းဖြစ်ကြောင်း စိန်ခေါ်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ယခုရက်ပိုင်းမှာပင် ရွေးကောက်ပွဲဝင် ပါတီ ၃ ခု၏ တိုင်တန်းမှုကြောင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်မှ မဲမသမာမှုများကို ရဲစခန်းက ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့က ရန်ကုန်တိုင်းတွင် ၃ မြို့နယ်နှင့် ပဲခူးတိုင်းတွင် ၇ မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ရယကနှင့် မဲရုံမှူးတို့အား မဲမသမာမှုပြုလုပ်သည်ဟု တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများက ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။

ရဲတိုင်နိုင်သော မဲ မသမာအမှု

ရဲစခန်းများတွင် တိုင်ကြားရခြင်းမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ ဖော်ပြချက်အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကျူးလွန်သူ မည်သူကိုမဆို မဲပေးခွင့်ရှိသူ၊ အမတ်လောင်း၊ အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၊ ယင်းမဲဆန္ဒနယ်၏ ကော်မရှင်အဖွဲ့ဝင် တဦးဦးက သက်သေခိုင်လုံစွာဖြင့် ရဲစခန်းတွင် တိုင်တန်းနိုင်သည်ဟု ဖော်ပြထားသည့်အတိုင်း တိုင်ကြားခဲ့သည်။

ရဲတိုင်ကြားခွင့်မှာ ရွေးကောက်ပွဲ ကျင်းပသည့်ရက်မှ ၁၅ ရက်အတွင်း တိုင်ကြားရမည် ဖြစ်သောကြောင့် ယခုလ ၂၂ ရက်နေ့ကပင် အမှုအသစ်များ တိုင်ကြားခွင့် ကုန်ဆုံးသွားပြီဖြစ်သည်။ သို့သော် ဤအချက်ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်အပေါ် စိန်ခေါ်မှုများ ဆိတ်သုဉ်းသွားမည် မဟုတ်ပါ။

ရွေးကောက်ပွဲဝင် ပါတီများက မဲသမာမှုများကို အခြားသော နည်းလမ်းများဖြင့်လည်း ကန့်ကွက်နေကြသည်။ မိမိသာလျှင် အနိုင်ရ ကိုယ်စားလှယ်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို သတ်မှတ်ထားသော ဥပဒေနှင့်အညီ တိုင်တန်းခြင်း၊ အာဏာပိုင်များထံ ရွေးကောက်ပွဲ မဲမသမာမှုများအပေါ် မကျေနပ်ကြောင်း စာရေးသား ပေးပို့ခြင်း နည်းလမ်းများအပြင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုကြောင်း ကြေညာချက် ထုတ်ပြန်ခြင်း စသည့် နည်းလမ်းများဖြင့်လည်း မဲသမာမှုများကို လက်မခံနိုင်ကြောင်း ဖော်ပြနေကြသည်။

ယင်းသို့ ကန့်ကွက်မှုများ လုပ်သည့်အထဲတွင် နိုင်ငံရေးပါတီ ၈ ခုနှင့် တသီးပုဂ္ဂလ အမတ်လောင်းများ ပါဝင်နေသည်။

တိုင်းရင်းသား စည်းလုံးညီးညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP စသည့် နိုင်ငံရေးပါတီများနှင့်တကွ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများပါ နည်းမျိုးစုံဖြင့် ကန့်ကွက်မှုများ လုပ်နေကြသည်။ အခြားပါတီများကလည်း တိုင်တန်းရန် ပြင်ဆင်နေကြသည်။

သို့သော် လောလောဆယ်တွင် “မိမိသာ အနိုင်ရကြောင်း” တင်ပြချက်ဖြင့်၊ ကော်မရှင်၏ မဲစာရင်း ထုတ်ပြန်ချက်ကို ဥပဒေကြောင်းလမ်းအရ တိုက်ရိုက် စိန်ခေါ်မည့်သူအနေဖြင့် NDF ပါတီမှ အမတ်လောင်း ၂ ဦးသာ ရှိသည်ကို တွေ့ရသည်။

အနိုင်ရ ကိုယ်စားလှယ်ကို ကန့်ကွက်မှု

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၅၊ ပုဒ်မ ၆၇ နှင့် ၆၈ (ခ) တွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အား ကန့်ကွက်လိုပါက ရွေးကောက်ပွဲပြီးသည့်နောက် ရက်ပေါင်း ၆ဝ အတွင်း သတ်မှတ်ထားသော ငွေကြေးပေးသွင်း၍ ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားချက်အရ NDF အမတ်လောင်း ၂ ဦးက စိန်ခေါ်ခြင်း ဖြစ်သည်။

ကန့်ကွက်ရာတွင် မိမိသာလျှင် ခိုင်လုံမဲ အများဆုံးရသူ (သို့မဟုတ်) အနိုင်ရသူ၏ ခိုင်လုံမဲများတွင် မဲမသမာမှု ပြုလုပ်၍ ရရှိသောမဲများကို မရေတွက်ပါက၊ မိမိသာ မဲအများဆုံးရသူဟု ကြေညာပေးရန် အကြောင်းပြ ကန့်ကွက်ရမည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သူတိုင်းသည် နိုင်ငံတော်က ကုန်ကျမည့် “အမှုစရိတ်” အတွက် ငွေ ၁ဝ သိန်းစီ ပေးသွင်းရမည်ဖြစ်ကာ မည်သည့်အကြောင်းနှင့်မျှ ပြန်ထုတ်ယူခွင့် မရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

NDF ပါတီမှ ကချင်ပြည်နယ် ဖားကန့် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်း ဒေါ်ဘောက်ဂျာနှင့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ရှုံးနိမ့်ခဲ့သည့် ရှေ့နေ ဦးသိန်းဇော်ညွန့်တို့က ငွေ ၁ဝ သိန်း အကုန်ကျခံ၍ အမှုရင်ဆိုင်သွားတော့မည်ဖြစ်သည်။

သို့သော် ယင်းသို့ ရဲတိုင်တန်းခြင်းနှင့် ကန့်ကွက်လွှာတင်သွင်းခြင်းတို့၏ နောက်ဆက်တွဲအဖြစ် တိုင်တန်းသူသည် လိမ်လည်တိုင်တန်းကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ခဲ့ပါက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၆၄ အရ ၃ နှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်) ၃ သိန်းထက်မပိုသော ဒဏ်ငွေ (သို့မဟုတ်) ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်ခံရနိုင်သည်ဟူသော သတ်မှတ်ချက်လည်း ရှိနေပြန်သည်။

“တိုင်မယ်ဆိုရင်လည်း မဲခိုးထားတဲ့ ပုဂ္ဂိုလ်တွေဆီကို တိုင်ရမှာ။ တိုင်ပြန်တော့လည်း သက်သေမခိုင်လုံဘူးလို့ ဆုံးဖြတ်ရင် ကျမတို့က ထောင် ၃ နှစ်လည်းကျမယ် လျော်ကြေးလည်း ပေးရဦးမယ်။ အကုန်လုံး နစ်နာတာပေါ့။ ကန့်ကွက်လွှာတင်ဖို့ စဉ်းစားပါဦးမယ်” ဟု DP (M) ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

သို့သော် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ UDP ၊ AMRDP၊ DP (M) စသည့် ပါတီများနှင့် မန္တလေးတိုင်းတွင် ရှုံးနိမ့်ခဲ့သည့် NDF အမတ်လောင်းများကမူ ရွေးကောက်ပွဲ မသမာမှုများကို စစ်ဆေးမည့် ခုံအဖွဲ့အပေါ် အယုံအကြည် မရှိသည့်အတွက် ကန့်ကွက်လွှာ တင်သွင်းမည် မဟုတ်ကြောင်း ပြောသည်။

NDF ပါတီ မန္တလေးတိုင်း ဒုဥက္ကဋ္ဌနှင့် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်း ရှေ့နေ ဦးအောင်ခိုင်က “ကန့်ကွက်လွှာတင်ဖို့ အစီအစဉ် မရှိဘူး။ ၁ဝ သိန်း သွင်းရမယ့် ကိစ္စက ငွေကြေးအခက်အခဲ ဖြစ်စေတယ်။ ကျနော်တို့က ဒီရွေးကောက်ပွဲမှာ ကိုယ့်ငွေနဲ့ ကိုယ်သုံးရတယ်။ နောက်ထပ်လည်း ၁ဝ သိန်း ကုန်ရဦးမယ်။ ထွက်လာမယ့် ရလဒ်ကလည်း သူတို့ပဲ ခုံအဖွဲ့ဖွဲ့ပြီး ဆုံးဖြတ်မှာဆိုတော့ ဒီပုတ်ထဲက ပဲ၊ ဒီပဲ ပဲ ဖြစ်မှာဗျ” ဟု ပြောသည်။

AMRDP ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း “ကြိုတင်မဲကြောင့် ခံရတယ်ဆိုတာတော့ ပြောချင်တာပေါ့။ ထောက်ပြစရာတော့ ရှိတာပေါ့နော်။ တရားတော့ မစွဲနိုင်ဘူးလေ။ ပိုက်ဆံ ဒီလောက်ကုန်တာ” ဟု ဆိုပြန်သည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP နှင့် ပဲခူးတိုင်းအတွင်း ဝင်ပြိုင်ခဲ့သည့် NDF အမတ်လောင်း ၅ ဦး တို့ကမူ တိုင်ကြားမှု တစုံတရာ လုပ်မည်မဟုတ်ဘဲ၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုနိုင်ဟု ပြတ်သားစွာ ကြေညာထားသည်။

အထက်တွင် ဖော်ပြခဲ့သည့် ရဲကိုတိုင်ကြားထားသည့် အမှု၊ ရွေးကောက်ပွဲ ကော်မရှင်ထံ ငွေသွင်း၍ တိုင်ကြားမှုနှင့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုကြောင်း ကန့်ကွက်မှု ၃ မျိုးစလုံးတွင် တူညီစွာ ထောက်ပြထားသည့် အချက်ကတော့ ကြိုတင်မဲနှင့် ပတ်သက်သည့် မဲမသမာမှုများပင် ဖြစ်သည်။

ကြိုတင်မဲဖြင့် မဲမသမာမှုများ

ကြံ့ဖွံ့အမတ်လောင်းများကို အနိုင်ရစေခဲ့သည်ဟု ဆိုသည့် ကြိုတင်မဲများနှင့် ဆက်စပ်နေသည့် မဲမသမာမှုများတွင် အဓိက အချက် ၂ ချက်ကို ထောက်ပြကြပြန်သည်။ ရွေးကောက်ပွဲအပြီး ညဘက်ကျမှ ကြိုတင်မဲများ ရောက်ရှိလာသည့် အချက်နှင့် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲ ရယူပုံ ရယူနည်းများတွင် ဥပဒေနှင့် မညီသည့် အချက်များ ဖြစ်ကြောင်း ပါတီများက ထောက်ပြပြောဆိုသည်။

“ည ၁၂ နာရီအထိ အောက်ခြေ ပြည်သူ့ ဆန္ဒမဲတွေ အားလုံး နိုင်ပါတယ်။ ၈ ရက်နေ့မနက် ၄ နာရီ ၅ နာရီလောက်တွင် ဘယ်ကရောက် လာမှန်းမသိတဲ့ ဆာလာအိတ်တွေနဲ့ ရောက်လာပြီးတော့ စာရင်းတွေ ပြုစုတဲ့အခါမှာ နိုင်ပြီးသား ကိုယ်စားလှယ်တွေ အားလုံး တယောက်မှ မကျန်တော့ပါဘူး” ဟု NDF ပါတီ၏ ဥပဒေရေးရာ အဖွဲ့ဝင် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁ဝ၊ ပုဒ်မ ၄၈ (က) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသည် မိမိနှင့် သက်ဆိုင်သော မဲရုံအသီးသီးအတွက် ဆန္ဒပြုထားသော ကြိုတင်မဲ လက်မှတ်များနှင့် မဲဆန္ဒရှင် အမည်စာရင်းတို့ကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် “မဲရုံမဖွင့်မီ” သက်ဆိုင်ရာ မဲရုံမှူးလက်ဝယ်သို့ အရောက်ပို့ပေးရမည်ဟု ဖော်ပြထားသည့်အတွက် ရွေးကောက်ပွဲနေ့ ညနက်ပိုင်းမှ ရောက်ရှိလာသည့် မဲများသည် တရားမဝင်ဖြစ်ကြောင်း ပါတီများက ထောက်ပြပြောဆိုနေကြသည်။

ထို့အပြင် ကြိုတင်မဲ ကောက်ခံရာတွင် ကြိုတင်မဲပေးရန် မလိုအပ်သူများကိုပါ ကောက်ခံခြင်း၊ လျှို့ဝှက်မဲပေးစနစ် မကျင့်သုံးခြင်းနှင့် ကြံ့ဖွံ့ပါတီကို ဖိအားပေး မဲထည့်စေခြင်းတို့ ရှိခဲ့ကြောင်းလည်း ပါတီအများအပြားက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

DP (M) ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြည်သူ့လွှတ်တော်အတွက် သူဝင်ပြိုင်ခဲ့သည့် ကြို့ပင်ကောက်မြို့နယ်တွင် ကြိုတင်မဲအပါအဝင် မဲမသမာမှုများ ရှိခဲ့ကြောင်း မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် ရွေးကောက်ပွဲ ကော်မရှင်များနှင့် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လိပ်မူ တိုင်ကြားထားသည်။

ထို့အတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်သူ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဘိုမောင်းကလည်း ဒီပဲယင်းမြို့နယ်အတွင်း ကြံ့ဖွံ့ပါတီက ကြိုတင်မဲလိမ်ခြင်း၊ မဲဆန္ဒရှင်၏ ကိုယ်ရေးအကျဉ်း ပုံစံစာရွက်ဖြင့် မဲဆွယ်ခြင်းတို့ ကျူးလွန်ခဲ့ပြီး၊ သေဆုံးသူများ၏ အမည်များဖြင့်လည်း ကော်မရှင်က မဲထည့်ခဲ့သည်ဟု မဇ္ဈိမကို ပြောထားသည်။

တနင်္သာရီတိုင်း မြိတ်နှင့် ကော့သောင်းမြို့တို့တွင်လည်း ရပ်ကွက်ကော်မရှင်နှင့် အာဏာပိုင်များမှ ပင်လယ်သို့ ငါးဖမ်းထွက်မည့် လှေလုပ်သားများကို ကြံ့ခိုင်ရေးပါတီကို ဖိအားပေးကာ ကြိုတင်မဲထည့်ခိုင်းသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည က ယင်းမဲများကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးများသို့ တိုင်ကြားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဒူကထောင်ရပ်ကွက်၌ ကြိုတင်မဲကောက်ခဲ့ရာတွင် လျှို့ဝှက်မဲပေးစနစ် မသုံးဘဲ လူအများရှေ့မှာပင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကိုယ်တိုင် ကြံ့ခိုင်ရေးကို အမှန်ခြစ် ပေးခဲ့ကြောင်း တစည ပါတီမှ အမတ်လောင်း ဦးလနန်ဘောက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း ဗန်းမောက်နှင့်သိန္နီမြို့တွင် ကြိုတင်မဲ ကောက်ခံရာ၌ မဲပေးသူကိုယ်စား ရယက စာရေးများက ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပြီး မဲထည့်စေခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SDNP က မြို့နယ်ကော်မရှင်ကို တိုင်ကြားခဲ့ပြန်သည်။

အလားတူပင် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသအများအပြားတွင် ကြံ့ခိုင်ရေးပါတီနှင့် နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းပြီး ဥပဒေမဲ့ ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း NDF ပါတီက ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုတွင် နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

ကြိုတင်မဲ ပေးခွင့်ရှိသူများကို သတ်မှတ်ရာ၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၉ ၊ ပုဒ်မ ၄၅ (ခ) (ဂ) နှင့် ပုဒ်မ ၄၆ များတွင် ကြိုတင်မဲပေးခွင့်ရှိသူများမှာ “သက်ဆိုင်ရာ မဲဆန္ဒနယ်မှကျော်၍ ခရီးဝေးသွားရန်ရှိသူ၊ အနာကြီး ရောဂါစွဲနေသူ၊ ရောဂါပြင်းထန်သူ၊ မီးဖွားနေသူ၊ အသက်ကြီးသူ၊ အချုပ်ခန်းနှင့် အကျဉ်းထောင်တွင် အချုပ်ကျနေသူ၊ ဆေးရုံ၌အတွင်း လူနာအဖြစ် တက်ရောက်နေသူနှင့် မဲစာရင်းရှိရာ ဒေသကို ကျော်လွန်၍ ယာယီ တာဝန်ထမ်းနေရသူ နိုင်ငံ့ဝန်ထမ်း၊ စစ်သား၊ ရဲ” ဟူ၍ ဖော်ပြထားသည်။

ယင်းသို့ ဥပဒေ သတ်မှတ်ချက် ရှိသော်လည်း ရွေးကောက်ပွဲ ကော်မရှင် အာဏာပိုင်အချို့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီတို့က ဥပဒေကို လိုသလို အသုံးပြုမှုများ၊ ဥပဒေပြင်ပ ဆောင်ရွက်ချက်များ ရှိခဲ့ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများက ပြောဆိုစိန်ခေါ်နေခြင်း ဖြစ်သည်။

သို့ရာတွင် နေပြည်တော် ကော်မရှင်အပါအဝင် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းကော်မရှင် အသီးသီးက မဲမသမာ တိုင်ကြားချက်များနှင့် ပတ်သက်၍ တစုံတရာ ဖြေရှင်းပေးခြင်းကြောင်း မရှိသေးကြောင်း ရွေးကောက်ပွဲဝင် ပါတီများက ပြောကြသည်။

ဖေါ်ထုတ်ရခြင်း ရည်ရွယ်ချက်

နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဘက်က အရေးမယူ၊ အကြောင်းမပြန်သည်ဖြစ်စေ လွတ်လပ်ပြီး တရားမျှတခြင်း မရှိသည့် ရွေးကောက်ပွဲအဖြစ် ကမ္ဘာက သိရှိစေရန် ကြိုးပမ်းသည့် အနေဖြင့် ကြိုတင်မဲအပါအဝင် မဲမသမာမှုများကို ဖော်ထုတ်တိုင်ကြားရခြင်းဖြစ်ကြောင်း ပါတီများက ဆိုသည်။

“ကျနော်တို့ပါတီက ရွေးကောက်ပွဲမတိုင်ခင်က တခါ၊ ရွေးကောက်ပွဲပြီး ၁၂ ရက်နေ့က တခါ ကြိုတင်မဲ ကိစ္စတွေနဲ့ မဲမသမာမှုတွေကို မြို့နယ်အလိုက် သေချာအတိအကျ တိုင်ခဲ့ပါတယ်။ ကော်မရှင်က အခုထက်ထိ ဘာမှ အကြောင်းပြန်ကြားတာ မရှိသလို၊ ဘာမှလုပ်ဆောင်ပေးတာလည်း မရှိဘူး” ဟု NDF ပါတီ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“မဲမသမာမှုတွေကို ကျနော်တို့ အခုလို တိုင်တန်းဖော်ထုတ်ခြင်းဟာ ဒီရွေးကောက်ပွဲဟာ ဘယ်လောက် မလွတ်လပ် တရားမမျှတသလဲဆိုတာ ကမ္ဘာက သိအောင်၊ အားလုံး သိအောင် လုပ်တာပါ” ဟု ၈၈ မျိုးဆက်ပါတီ ဥက္ကဋ္ဌ ကိုရဲထွန်းက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း “သူတို့က ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်ပါစေ။ ခုလိုတိုင်တန်းခြင်းဟာ ဒီရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေ၊ မသမာမှုတွေ ရှိနေတယ်ဆိုတာကို ပေါ်လွင်ထင်ရှားစေလိုတဲ့သဘောပါ” ဟု ဆိုသည်။

ယခုအခါ မဲမသမာမှုများအတွက် ရဲစခန်းသို့ တိုင်ကြားနိုင်သည့် အချိန်ကာလ ပြီးဆုံးခဲ့သော်လည်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၅၊ ပုဒ်မ ၆၇ နှင့် ၆၈ (ခ) အရ၊ အနိုင်ရ ကိုယ်စားလှယ်ကို ကန့်ကွက်လွှာ တင်သွင်းနိုင်သည့် နောက်ဆုံးရက်မှာ ၂ဝ၁၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့ ဖြစ်သောကြောင့် ပါတီများအနေဖြင့် အချိန်ရဦးမည် ဖြစ်သည်။ သို့သော် ငွေ ၁ဝ သိန်း ပေး၍ ကန့်ကွက်မည့်သူ အများအပြား ပေါ်ထွက်လာနိုင်ရန် ခဲယဉ်းနိုင်ကြောင်း ပါတီများက ခန့်မှန်းကြသည်။

တချိန်ထဲတွင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ မဲသမမာမှုများ အပေါ် သုံးသပ်ချက် (မူကြမ်း) ရေးသားပြီးစီးသွားပြီဟု ဆိုသည်။ အာဏာပိုင်များဘက်မှ မဲမသမာမှုများကို တကယ်တမ်း အရေးယူရန် ရည်ရွယ်သည်ထက် ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများကို ဖော်ထုတ်စိန်ခေါ်ရာတွင် တတပ်တအား ဖြည့်ပေးနိုင်ရန်နှင့် NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်၏ စကားအရ “ရွေးကောက်ပွဲ၏ အရုပ်ဆိုးအကျည်းတန်မှုများ” ကို မီးမောင်းထိုးပြရန်သာ အဓိက ရည်ရွယ်ထားပုံရကြောင်း လေ့လာသူများက ဆိုနေကြသည်။

ဆလိုင်း ဟံသာစန်း

Sunday, November 21, 2010

မြန်မာမှ သြစတြေးလျသို့ အလုပ်ဗီဇာဖြင့် သွားမည့်သူများအတွက်

မြန်မာနိုင်ငံမှ သြစတြေးလျသို့ အလုပ်ဗီဇာ (Skill Migration)ဖြင့် ထွက်ခွာမည့်သူများအတွက် သြစတြေးလျ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း သြစတြေးလျ၏ Department of Immigration and Citizenship ၏ နိုဝင်ဘာလ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရပါသည်။
ယခုအခါ သြစတြေးလျနိုင်ငံ အနေဖြင့် ကျွမ်းကျင်အလုပ်သမား နေရာများအတွက် အမှန်တကယ် အရည်အသွေးရှိပြီး အင်္ဂလိပ်စာသတ်မှတ်ချက် ပြည့်မီမှုရှိသူများကိုသာ ရွေးချယ်လိုသည့်အတွက် ပွိုင့်စနစ်များဖြင့် အမှတ်ပေးရာတွင် မူလရှိထားသည်ထက် တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု သြစတြေးလျရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် တရားဝင်ချိတ်ဆက်ထားသော Crown Education မှ Chief Consultant ဦးအောင်ကျော်ဆန်းက ပြောကြားခဲ့ပါသည်။

ယင်းမူဝါသစ်တွင် သြစတြေးလျသို့ Skill Immigration ဖြင့် ဗီဇာလျှောက်ထားမည့် သူတိုင်းအား ပွိုင့်စနစ်ဖြင့် အမှတ်ပေးသွားမည့်အပြင် လုပ်ငန်းအတွေ့အကြုံ ရှိသူများအား ဦးစားပေးခြင်း၊ ရရှိခဲ့သောဘွဲ့များနှင့် ပတ်သက်၍ ပွိုင့်ပေးခြင်းများပါဝင်မည့်အပြင် အင်္ဂလိပ်စာ အရည်အချင်းစစ် လက်မှတ် IELTS 7 နှင့်အထက်ရရှိမှသာ အမှတ်ရရှိမည်ဖြစ်သည်ကိုလည်း တွေ့ရသည်။

"အဲဒီ ပွိုင့်စနစ်သစ်မှာ သြစတြေးလျက ဒီပလိုမာလောက်နဲ့ ပြည်ပနိုင်ငံတွေက မာစတာ၊ ဒီဂရီတွေကို ယှဉ်ပြီးပွိုင့်ပေးတာတောင် ထူးခြားချက်တွေ တွေ့ခဲ့ရပါတယ်။ လောလောဆယ် သြစတြေးလျကို ကျောင်းသွား တက်မယ့်မြန်မာတွေအပေါ်တိုက်ရိုက် သက်ရောက်မှု မရှိသေးပေမယ့် ဒီနိုင်ငံကို ရွေးချယ်တော့မယ်ဆိုတာနဲ့ ဒီနိုင်ငံမှာ ကျောင်းပြီးရင် အလုပ်ရဖို့ ချမှတ်ထားတဲ့ မူဝါဒတွေကို သေချာစွာ လေ့လာသွားသင့်ပါတယ်"ဟု ဦးအောင်ကျော်ဆန်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ထို့ပြင် အသစ်ပြဋ္ဌာန်းသွားမည့် မူဝါဒသစ်တွင် Skill Migration ဗီဇာ လျှောက်ထားမည့်သူများထဲမှ အသက် ၂၅ မှ ၃၂ နှစ်အရွယ် ဖြစ်ပါက ပွိုင့်အမှတ်အများဆုံး ရရှိမည် ဖြစ်ပြီး IELTS 6 ရရှိသော်လည်း ပွိုင့်အနေဖြင့် သုညသာရရှိမည်ဖြစ်သည်။ ယင်းမှာ လက်ရှိ သြစတြေးလျ၌ ကျောင်းတက်နေသူများနှင့် မကြာမီ သွားရောက်မည့်သူများအတွက် သတိပြုစရာအချက်ပင် ဖြစ်သည်ကို သြစတြေးလျ ပညာရေးနှင့် အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူကအသိပေး ပြောကြားခဲ့ပါသည်။

Sunday, September 26, 2010

“ မှာပါရစေ … ပြောပါရစေ ”

ကိုယ်သေရင် မငိုနဲ့၊

ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊

အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊

ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။


ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကိုဆက်လုပ်ဖို့၊

ဟောဒီချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ

လူသာဆုံးတာကျန်တာမရှုံးဘူး။

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။


မိုးဟိန်း (သားဂျာနယ်ကျော်)

Thursday, August 5, 2010

အလုပ်သမား အလိုရှိသည်။

Job Title:
Full-Time Retail Crew
Salary:
Contact for Salary
Will apply for:
Contact for more info on work pass
Contact no.:
Email:
Job Description:
F&B Retail Store in Orchard Road is looking for a Full-Time Retail Crew.
- Cheerful, bubbly and self-motivated;
- Able to speak English reasonably well (with accent that is easily understood by local Singaporeans);
- Willing to work long retail hours, including on weekends and public holidays;
- Duties include promotion, cashier, and simple cleaning and washing;
- Male or energetic female;
- Singapore PR / Dependent Pass holders only.
Call 62666201 immediately or email your CV to hr@aramidth.com.

Tuesday, July 20, 2010

သတိ


သားကို အဖေကသတ်ပြီး
အဖေက သားကိုပြန်သတ်နေတဲ့ ခေတ်။
စုန်ရေဆိုတာ မသိ
ဆန်ရေဆိုတာမရှိ
ဦးသူလုပ်ကြေးဆိုပြီးဖြစ်နေတဲ့ ခေတ်။

အမြှီးကျက်ရင် အမြှီးစားပြီး
ခေါင်းကျက်ရင်
ခေါင်းစားတတ်တဲ့သူတွေများလာတော့
နေ့မြင်ညပျောက်...
ညမြင်နေ့ပျောက်တွေဖြစ်လာတယ်..။

ရှု့ တတ်သူတွေအဖို့တော့
တရားတွေရမယ်။
အနိစ္စဆိုတာကို
ကွက်ကွက်ကွင်းကွင်း
မြင်လာရမယ်။

ကမ္ဘာကြီးက ပိုပူနွေးလာတယ်။
လူတွေရဲ့ သိက္ခာကို
ငွေနဲ့ဝယ်လို့ရလာတယ်။

ဒီလိုခေတ်ကြီးထဲမှာ..
ရိုးရိုးကျင့်လို့ မြင့်မြင့်ကြံ
မှန်တာလုပ်ပြီး
ဟုတ်တာပြောလို့ ရနိုင်သေးပေမယ့်....

ကြည့်နေ ကြည့်စား
သတိနဲ့နေ သတိနဲ့သွား

အစားမတော် တစ်လုပ်
အသွားမတော် တစ်လှမ်းဆိုသလို...

အပူရှပ်ယုံကလေးနဲ့ဘဲ...
ဘဝပါ တစ်ခါတည်း
ပြောင်းသွားနိုင်တယ်။

(၂၂.၇.၂၀၁၀)

Tuesday, June 29, 2010

"REAL VISA ON ARRIVAL (VOA) Starts in Myanmar"



Starting from 1st May 2010, Myanmar immigration is granting real VOA for all foreigners both at Yangon and Mandalay Airport.

Sources:
Airlines are confirming the news.
Myanmar Marketing Committee MMC confirmed the news.
UMTA said they would issue the announcement today.


1) Tourist Visa
- USD30
- Valid for 28 days
- 01 passport photo

2) Business Visa
- USD40
- Valid for 70 days
- 01 passport photo
3) Transit Visa
- USD18
- Valid for 24 hours
- 01 passport photo

4) Eligibility
- All passengers with valid passports EXCEPT those listed on
Myanmar Immigration "Black List".

5) Passport Validity
- MUST be at least 6 months during stay in Myanmar

6) Fund
- Single traveler must hold minimum USD300
- Family must hold minimum USD600
7) Others
- Child under age of 7 traveling with passport together with
parent is exempted from Visa fee (FOC).

Note : Above applies to Mandalay Airport too.
Above information will be made available in the Myanmar Immigration website

News Source:
- Tourism industry, Myanmar

Photo:
- Myanmar Immigration at Yangon Airport (flickr)